စည်းမျဉ်းသတ်မှတ်ချက်များ

ဤစည်းမျဉ်းသတ်မှတ်ချက်များသည် ဤနေရာတွင် အသုံးပြုသူအတွက် Almond Finance (နောက်ပိုင်းတွင် “Almond” ဟု ခေါ်ဆိုပါမည်) မှ ပံ့ပိုးပေးထားသော ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများကို အသုံးပြု၍ ၎င်း၏ သတ်မှတ်ချက်ကို ထိန်းညှိပေးပါသည်။ ဤစည်းမျဉ်း သတ်မှတ်ချက်များသည် Almond ၏ ကမ်းလှမ်းချက် ပါဝင်ပြီး ဤသဘောတူညီမှုကို ထိန်းချုပ်သော သတ်မှတ်ချက်များကို သတ်မှတ်ပေးပါသည်။

Almond အကောင့် အသုံးပြုခြင်း

၎င်းသည် ကျွန်ုပ်၏ အက်ပ်ကို အသုံးပြု၍ တိုက်ရိုက်ချေးငွေ သို့မဟုတ် ချေးငွေအထောက်အပံ့ ရရှိနိုင်သည့် ကြိုတင်ခွင့်ပြုထားသည့် ချေးငွေအကောင့် ဖြစ်ပါသည်။ ငွေသားလွှဲပြောင်းမှု သို့မဟုတ် အီလက်ထရွန်းနစ် ပေးဆပ်ငွေမှတစ်ဆင့် နောင်လာမည့် နေ့ရက်တစ်ရက်တွင် ချေးငွေ သို့မဟုတ် ချေးငွေ အထောက်အပံ့ကို ပြန်လည်ပေးဆပ် ရပါသည်။

အက်ပ် အသုံးပြုခြင်းအတွက် သတ်မှတ်ချက်များ

အက်ပ်ကို အသုံးပြုရန်:

၁။ သင်သည် (က) ဤစည်းမျဉ်းသတ်မှတ်ချက်များကို လက်ခံသဘောတူရမည်။ (ခ) အက်ပ်တွင် ကျွန်ုပ်တို့ထံ မှတ်ပုံတင်ရမည်။ (ဂ) သင်၏အမည်၊ အီးမေးလ်လိပ်စာ၊ မိုဘိုင်းဖုန်းနံပါတ်၊ သင်၏ ဘဏ်အကောင့်အတွက် ယုံကြည်စိတ်ချရသည့် အွန်လိုင်း အထောက်အထားများနှင့် အခါအားလျော်စွာ ကျွန်ုပ်တို့မှ တောင်းဆိုနိုင်သည့် အခြားအချက်အလက်များ အားလုံးကို ပံ့ပိုးပေးရမည်။ (စုပေါင်း၍ “အသုံးပြုသူ အချက်အလက်များ” ဟု ခေါ်ဆိုပါမည်။)

၂။ သင်သည် အခါအားလျော်စွာ ကျွန်ုပ်တို့ကို ပေးသော အသုံးပြုသူ အချက်အလက်များ အားလုံးသည် မှန်ကန်ခြင်း၊ တိကျခြင်း၊ လက်ခံနိုင်ခြင်းနှင့် ပြည့်စုံခြင်း ရှိရမည်ဖြစ်ကြောင်း သင့်အနေဖြင့် ကိုယ်စားပြု၍ ခိုင်လုံစေရပါသည်။ သင်၏ အထောက်အထား သို့မဟုတ် သင်၏ အသုံးပြုသူ အချက်အလက်များကို မှားယွင်းစွာ မတင်ပြကြောင်း သင်မှ သဘောတူပါသည်။

၃။ အက်ပ်၏ သင်၏ ကိုယ်ရေးအချက်အလက်ကို အသစ်ပြင်ဆင်ခြင်းဖြင့် သင်၏ အသုံးပြုသူ အချက်အလက်များတွင် ပြောင်းလဲမှုများကို ကျွန်ုပ်တို့အား ချက်ချင်း အကြောင်းကြားရန်နှင့် မည်သည့် အကြောင်းရင်းကြောင့်ဖြစ်စေ သင်၏ ဘဏ်အကောင့် ပိတ်ခြင်း အပါအဝင် ကန့်သတ်ချက် မရှိဘဲ သင်၏ ဘဏ်အကောင့် အချက်အလက်များအား မပြောင်းလဲမီ အလုပ်ဖွင့်ရက် အနည်းဆုံး ငါးရက်တွင် ကျွန်ုပ်တို့ကို အကြောင်းကြားရန် သင်မှ သဘောတူပါသည်။

သင်၏ သဘောတူညီချက်

အသုံးပြုသူတစ်ဦးအနေဖြင့် သင်သည် အောက်ပါတို့ကို သဘောတူလက်ခံပါသည်:

▪ သင့်ထံသို့ အီလက်ထရွန်းနစ် နည်းလမ်းဖြင့် သင်၏ တရားဝင် ရပိုင်ခွင့်များနှင့် တာဝန်များနှင့် ပတ်သက်သော အရာများနှင့် အခြား အချက်အလက်များကို ကျွန်ုပ်တို့ ပံ့ပိုးပေးနိုင်ပါသည်။

ကုမ္ပဏီများ ပြောင်းလဲခြင်း၊ မိုဘိုင်းဖုန်းကွန်ရက် အော်ပရေတာများ၊ လျှပ်စစ်ဓာတ်အား ကုမ္ပဏီများ၊ အချက်အလက်များ စုစည်းပေးသော အစီအစဉ်များ၊ ချေးငွေ ▪ အစိုးရဌာနများ၊ အခြား ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ၊ e-commerce ပလက်ဖောင်းများ စသည်တို့ အပါအဝင် ကန့်သတ်ချက်မရှိဘဲ အခြားပေါင်းစပ်ထားသည့် တတိယအဖွဲ့များနှင့်အတူ သင်၏ လွှဲပြောင်းမှုများမှ စုစည်းထားသော ဒေတာများ/အချက်အလက်များအား ကျွန်ုပ်တို့ကို မျှဝေခြင်း၊ လက်ခံခြင်းနှင့် အသုံးပြုခြင်းအား တရားဝင်ခွင့်ပြုပါသည်။

▪ အဆိုပါဒေတာများ လုပ်ငန်းဆောင်ရွက်ရန် နိုင်ငံခြားတိုင်းပြည်များတွင် လက်ခံရရှိသူများထံ သင်၏ဒေတာများကို ကျွန်ုပ်တို့၏ လွှဲပြောင်းခြင်းအတွက် သင့်အနေဖြင့် သဘောတူညီပါသည်။ အဆိုပါ နိုင်ငံခြား တိုင်းပြည်များသို့ လွှဲပြောင်းမှုတွင် ပါဝင်သည့် ဘေးအန္တရာယ်များကို သင့်အနေဖြင့် သတိပြုမိပြီး သင်နှင့်အတူ ချုပ်ဆိုသော ကျွန်ုပ်တို့၏ စာချုပ် စွမ်းဆောင်ရည်အတွက် အဆိုပါ လွှဲပြောင်းမှုကို လိုအပ်ပါသည်။

▪ သဘောတူစာချုပ်များနှင့် စာရွက်စာတမ်းများပေါ်ရှိ သင်၏ အီလက်ထရွန်းနစ် လက်မှတ်သည် စာရွက်ပေါ် သို့မဟုတ် အခြားကိုင်တွယ်ထိတွေ့နိုင်သည့် နည်းလမ်းများဖြင့် မင်ကို အသုံးပြု၍ လက်မှတ်ရေးထိုးသည့်အတိုင်း တူညီသည့် အကျိုးသက်ရောက်မှု ရှိပါသည်။

▪ ကျွန်ုပ်တို့သည် အရေးကြီးသည့် ဆက်သွယ်မှုများ၊ ကျသင့်ငွေဖော်ပြချက်များနှင့် တောင်းဆိုသည့်မှတ်စုများနှင့် လက်ကျန်များ (စုပေါင်း၍ “ထုတ်ဖော်ချက်များ” အဖြစ် ရည်ညွှန်းပါမည်။) အားလုံးကို ကျွန်ုပ်တို့၏ ဝက်ဆိုက်မှတစ်ဆင့် သို့မဟုတ် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုစဉ်တွင် သင်မှ ကျွန်ုပ်တို့ထံ ပေးထားသော အီးမေးလ်လိပ်စာမှ တစ်ဆင့် သင့်ထံသို့ အီလက်ထရွန်းနစ် နည်းလမ်းဖြင့် ပေးပို့ပေးနိုင်ပါသည်။

Almond ၏ တာဝန်များနှင့် ဝတ္တရားများ

၁။ ကျွန်ုပ်တို့သည် အသုံးပြုသူထံ ဝန်ဆောင်မှု ပံ့ပိုးမည်ဖြစ်ပြီး ကျွန်ုပ်တို့ မထိန်းချုပ်နိုင်သော နည်းပညာဆိုင်ရာ အခက်အခဲများမှတစ်ပါး ဝန်ဆောင်မှုသည် အသုံးပြုသူအတွက် အမြဲတမ်း အသုံးပြုရန် ရရှိနိုင်အောင် စိစစ်ရပါမည်။

၂။ အောက်ပါ ကျွန်ုပ်တို့၏ အဆုံးသတ်ခြင်း မူဝါဒနှင့်အညီ အသုံးပြုသူ အကောင့်ကို ခေတ္တရပ်ဆိုင်းခြင်း သို့မဟုတ် ပိတ်သိမ်းခြင်းကို ကျွန်ုပ်တို့အနေဖြင့် လုပ်ပိုင်ခွင့်ရှိရမည်။

၃။ ဗဟိုဘဏ်၏ စည်းမျဉ်းများ သို့မဟုတ် ၎င်း၏ ကိုယ်ပိုင် မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများနှင့် အညီ လွှဲပြောင်းမှုများနှင့် အကောင့် စာရင်းလက်ကျန်များအပေ: ကန့်သတ်ချက်များကို ကျွန်ုပ်တို့အနေဖြင့် သတ်မှတ်ခွင့် ချန်လှပ်ထားပါသည်။ အဆိုပါ ကန့်သတ်ချက်များနှင့် ပတ်သက်သော အချက်အလက်များကို Almond ဝက်ဆိုက် သို့မဟုတ် ဆက်သွယ်ရေးဌာနမှ တစ်ဆင့် ရရှိနိုင်ပါသည်။

ဝန်ဆောင်မှုနှင့် လွှဲပြောင်းခများ

၁။ Almond အကောင့်ကို အသုံးပြုခြင်းအတွက် လွှဲပြောင်းခအနေဖြင့် တိကျသည့် ပမာဏတစ်ခုကို ကောက်ခံပါမည်။

၂။ Almond မှ လွှဲပြောင်းခကို အခါအားလျော်စွာ တိုးမြှင့်ခြင်း သို့မဟုတ် လျှော့ချခြင်း ပြုလုပ်နိုင်ပါသည်။ အဆိုပါ လွှဲပြောင်းခတွင် ပြောင်းလဲမှုသည် စာဖြင့် အကြောင်းကြားပြီး အနည်းဆုံး (၁၅) ရက်ကြာပြီးနောက် သင့်အကောင့်တွင် စတင်အကျိုးသက်ရောက်မည် ဖြစ်ပါသည်။

အကောင့် ပိတ်သိမ်းခြင်း

ကျွန်ုပ်တို့သည် ကျင့်သုံးဥပဒေ၏ သတ်မှတ်ချက်များအတိုင်း အချိန်မရွေး မည်သည့် အကြောင်းကြောင့်ဖြစ်စေ ဤသဘောတူစာချုပ်ကို ပိတ်သိမ်းနိုင်ပါသည်။

သင်သည် ဤသဘောတူစာချုပ်၏ သတ်မှတ်ချက်များကို ချိုးဖောက်ထားကြောင်း ကျွန်ုပ်တို့ တွေ့ရှိလျှင် သင်၏အကောင့်ကို ပိတ်သိမ်းနိုင်ပါသည်။

သင်၏ အက်ပ်ပေါ်ရှိ လိပ်စာထံသို့ စာဖြင့် အကြောင်းကြားစာ ပေးပို့ခြင်းဖြင့် သင်၏အကောင့်ကို ပိတ်သိမ်းနိုင်သည်။

ဆယ့်နှစ်လ (၁၂) ဆက်တိုက် သင့်အကောင့်တွင် အကြွေး သို့မဟုတ် ချေးငွေ မရှိလျှင် သင့်ကို အကြောင်းကြားခြင်း မရှိဘဲ အကောင့်ကို ပိတ်သိမ်းနိုင်သည်။

ပိတ်သိမ်းခြင်းသည် ကြွေးမဆပ်နိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသည့်အချိန်တွင် သင်သည် နောင်အခါတွင် ချေးငွေ လျှောက်ထားနိုင်မည် မဟုတ်ပါ။ ကြွေးတင်နေသေးသော အခကြေးငွေများနှင့် ဝတ္တရားများသည် ပိတ်သိမ်းပြီးသည့်နောက်တွင်ပင်လျှင် ဆက်လက်၍ ပေးချေရပါမည်။

ဆုံးရှုံးမှုအပေါ် လျော်ကြေးပေးခြင်း

Almond app ကို သင်၏ ဝင်ရောက်မှု နှင့်/သို့မဟုတ် အသုံးပြုမှု သို့မဟုတ် အပြန်အလှန် တုံ့ပြန်မှု (အပါအဝင် ကန့်သတ်ချက်မရှိဘဲ တတိယအဖွဲ့ သဘောတူညီမှု) မှ ဖြစ်ပေါ်လာသော သို့မဟုတ် သက်ဆိုင်သော သို့မဟုတ် မမှန်ကန်သော၊ မပြည့်စုံသော သို့မဟုတ် လိမ်လည်ထားသော အချက်အလက်များ၊ အသရေဖျက်ခြင်း၊ အတွင်းရေး ကျူးကျော်ခြင်း၊ မူပိုင်ခွင့်အား ချိုးဖောက်ခြင်း၊ ကုန်သွယ်အမည်၊ ကုန်သွယ်အမှတ်အသား၊ ဝန်ဆောင်မှု အမှတ်အသား သို့မဟုတ် အခြားဉာဏဆိုင်ရာ ပိုင်ဆိုင်မှု ပစ္စည်း စသည်အားဖြင့် အပါအဝင် ကန့်သတ်ချက် မရှိဘဲ သင့်အကောင့်အား သင်၏ အသုံးပြုမှု သို့မဟုတ် သင့်အကောင့်အား အသုံးပြုသူ တစ်ဦးဦး၏ လုပ်ဆောင်ချက်၊ ချွတ်ယွင်းချက် သို့မဟုတ် ချန်လှပ်မှု တစ်ရပ်ရပ်၊ ဝန်ဆောင်မှုမှတစ်ဆင့် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ရောင်းချသော သို့မဟုတ် ဖြန့်ဖြူးသော ကုန်ပစ္စည်း တစ်ခုခုကြောင့် လူပုဂ္ဂိုလ် သို့မဟုတ် ပိုင်ဆိုင်မှုပစ္စည်းတွင် သို့မဟုတ် ပျက်စီးမှု သို့မဟုတ် ထိခိုက်မှု ချွတ်ယွင်းချက်ရှိသော ကုန်ပစ္စည်း တစ်ရပ်ရပ် သို့မဟုတ် ကျင့်သုံးဥပဒေ တစ်ရပ်ရပ်ကို ချိုးဖောက်ခြင်း စသည်တို့ကြောင့် အခွင့်အရေးများ၊ တောင်းဆိုမှုများ၊ လုပ်ဆောင်ချက်များ၊ လုပ်ဆောင်ချက် အကြောင်းရင်းများ၊ တရားစွဲခြင်းများ၊ ဆုံးရှုံးမှုများ၊ ထိခိုက်မှုများ၊ သင့်လျော်သည့် ရှေနေခများ အပါအဝင် ကုန်ကျမှုများနှင့် အသုံးစရိတ်များ တစ်ရပ်ရပ်ထံမှ သင်သည် Almond Finance, ကျွန်ုပ်တို့၏ ရုံးများ၊ ဒါရိုက်တာများ၊ ကိုယ်စားလှယ်များ၊ မိတ်ဖက်များ၊ ဝန်ထမ်းများ၊ ခွင့်ပြုမိန့် ရှိသူများ၊ ဖြန့်ဝေသူများနှင့် ကိုယ်စားလှယ်များကို လျော်ကြေးပေး၍ ထိခိုက်နစ်နာမှု မရှိအောင် ဆောင်ရွက်ပေးရမည်။

အာမခံ

ဝန်ဆောင်မှု၏ လုပ်ငန်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ဖော်ပြသည်ဖြစ်စေ သွယ်ဝိုက်ညွှန်းဆိုသည် ဖြစ်စေ ကျွန်ုပ်တို့သည် တင်ပြခြင်း သို့မဟုတ် အာမခံခြင်း မပြုလုပ်ပါ။

ဤမူဝါဒ၏ အပြောင်းအလဲများ

ကျွန်ုပ်တို့သည် ကမ်းလှမ်းထားသော ဝန်ဆောင်မှုများ သို့မဟုတ် ဝန်ဆောင်မှုအား အသုံးပြုမှုနှင့် စပ်လျဉ်းသည့် စည်းမျဉ်းသတ်မှတ်ချက်များကို အခါအားလျော်စွာ ပြုပြင်ပြောင်းလဲနိုင်သည်။ ဝန်ဆောင်မှု သို့မဟုတ် ၎င်း၏ အသုံးပြုမှု စည်းမျဉ်းသတ်မှတ်ချက်များတွင် ပြောင်းလဲမှုများအား သင့်လျော်သည့် အချိန်ကာလတစ်ခုအတွင်း အပြောင်းအလဲများကိုသာ အသုံးပြုသူထံ အကြောင်းကြားပေးပါမည်။ အသုံးပြုသူသည် ပြုပြင်ပြောင်းလဲထားသော စည်းမျဉ်းသတ်မှတ်ချက်များကို သဘောမတူပါလျှင် ဝန်ဆောင်မှုကို ရပ်ဆိုင်းရန်အတွက် အကြောင်းကြားချက် လက်ခံရရှိပြီး ရက် (၃၀) အချိန်ရပါမည်။ အကယ်၍ ကျွန်ုပ်တို့မှ ပြုပြင်ပြောင်းလဲမှုများ၏ လုံလောက်စွာ ပေးထားသည့် အကြောင်းကြားမှု ပြီးနောက် ရက် (၃၀) အတွင်း ဝန်ဆောင်မှုကို အသုံးပြုသူမှ ဆက်လက်၍ အသုံးပြုနေလျှင် သို့မဟုတ် အသုံးပြုသူသည် ရပ်ဆိုင်းရန် ၎င်း၏ ရည်ရွယ်ချက်ကို ကျွန်ုပ်တို့ထံ အကြောင်းမကြားဘဲ ရက် (၃၀) ကြာ သတိလစ်ဟင်းနေလျှင် အသုံးပြုသူသည် ပြုပြင်ပြောင်းလဲထားသော ဝန်ဆောင်မှု သို့မဟုတ် စည်းမျဉ်းသတ်မှတ်ချက်များကို ဖတ်ရှုပြီး၍ သဘောတူလက်ခံသည်ဟု ကျွန်ုပ်တို့အနေဖြင့် ယူဆခွင့် ရှိရမည်။

မေလ ၂၀၂၀ အသစ်ပြောင်းလဲပြီး